မင်းကင်းနယ်၊ကူလဲရွာက ပျူတွေကို ဒေသခံ(ပကဖ)တွေက ပူးပေါင်းတိုက်ခိုက်၊ စကစဘက်က(၂)ဦးသေဆုံး

စက်တင်ဘာ ၁၇၊The Nation Voice

စစ်ကိုင်းတိုင်း၊မင်းကင်းနယ် ကူလယ်ရွာက စကစလက်ပါးစေ ပျူစောထီးတွေကို ဒီကနေ့မှာ မဟာမိတ်တွေနဲ့အတူ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း(GTF)က ထုတ်ပြန်ပါတယ်။

ကူလဲရွာကပျူတွေကို ဒီကနေ့မနက်(၁၀)နာရီလောက်က ကူလဲရွာနဲ့ထုံးမန်ရွာအကြားမှာ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး စကစဘက်က အဖွဲ့ဝင်(၂)ဦး GTF အဖွဲ့ရဲ့ စနိုက်ဘာပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ရွှေတြိဂံပြည်သူ့ကာကွယ်ရေးတပ်ရင်း GTF ,ညGTF တပ်ခွဲ(၁)၊ Infinite Revolution Force-I.R.F,GTF တပ်ခွဲ(၄)စစ်ကျွန်မခံမြွေဆိုးတသိုက်၊တိမ်လွှာဒေါင်းမင်း ပကဖ၊ကူလဲ ပကဖနဲ့မင်းကင်းတပ်ရင်း(၂)တပ်ခွဲ(၂)တို့နဲ့မင်းကင်းမြို့နယ်တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

GTF ၏ပုံဟောင်းများအသုံးပြုထားသည်။
GTF ၏ပုံဟောင်းများအသုံးပြုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *