မူးရူးပြီး အမျိုးသမီးတွေကို ငမ်းကြောထနေတဲ့ ပျူတွေကို အလစ်ဝင်တိုက်လို့ ပျူ (၇) ယောက်သေ

စက်တင်ဘာ ၁၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊ မုံရွာနယ်တောင်ဘက် တောပုရွာအနီး၊ ဆယ်ပေါက်တွဲမှာ မူးရူးပြီး အမျိုးသမီးတွေကို ရိသဲ့သဲ့လုပ်နေတဲ့ ပျူစောထီးအဖွဲ့ကို People’s Defence Force – South Monywa က မနေ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ပျူစောထီးတွေဟာ မူးရူးနေပြီး PDF ဟန်ဆောင်ကာ လမ်းသွားလမ်းလာပြည်သူဆီက ဆိုင်ကယ်သိမ်းယူ၊ ဖုန်းတွေသိမ်းယူ၊ စစ်သတင်းပေးလုပ်ရင် ဖမ်းဆီးချုပ်နှောင်ကွပ်မျက်မယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်ကာ ပါတဲ့ပိုက်ဆံသိမ်းယူရုံတင်မကဘဲ မိန်းကလေးတွေကိုလည်း ရိသဲ့သဲ့လုပ်ကာ ထမိန်တွေပါခါခိုင်းပြီး ငမ်းကြောထနေကြတယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေကို ပြည်သူတွေက သတင်းပေးတိုင်ကြားလာတာကြောင့် သူတို့ရှိရာ သွားရောက်၍ ၄၀မမ (၄) လုံးနဲ့အတူ လက်နက်ငယ်တွေနဲ့ အလစ်အငိုက်စောင့်ဆိုင်းပြီး အနီးကပ်ဝင်ရောက်ပစ်ခတ်ရာ မူးရူးသောက်စား ရမ်းကားနေတဲ့ ပျူစောထီး (၇) ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပြီး ခဏအကြာ ဖြစ်ပွါးရာနေရာကို ပျူစောထီး အများအပြားရောက်ရှိလာတဲ့အတွက် လက်နက်ရယူနိုင်မယ့် အခွင့်အရေးဆုံးရှုံးပြီး အလျှင်အမြန် ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *