တန်ဆောင်းကျေးရွာမှာတပ်စွဲထားတဲ့ စကစတပ်တွေကို မဟာမိတ်အဖွဲ့တွေကတိုက်ခိုက်၊စကစဘက်ကဗိုလ်အပါအဝင်(၅)ဦးသေဆုံး

စက်တင်ဘာ ၁၈၊ The Nation Voice

မန္တလေးတိုင်း၊မြင်းခြံမြို့နယ် တန်ဆောင်းကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စကစအဖွဲ့ဝင်တွေကို စက်တင်ဘာ(၁၆)ရက်နေ့က မဟာမိတ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စကစဘက်ကဗိုလ်(၁)ဦးအပါအဝင်(၄)ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၂) (MGN Tiger)ကထုတ်ပြန်ပါတယ်။ စက်တင်ဘာ(၁၆)ရက် မနက်(၈)နာရီလောက်မှာ တန်ဆောင်းကျေးရွာက စကစတပ်သားတွေနဲ့ ပျူတွေကို မဟာမိတ်အဖွဲ့တွေက (၃၅)မိနစ်ကြာအောင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစဘက်ကဗိုလ်(၁)ဦးအပါအဝင် တပ်သား(၃)ဦးနဲ့ ပျူ(၁)ဦးတို့သေဆုံးသွားခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၃)ဦးနဲ့အထက် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်တပ်ရင်း(၂) (MGN Tiger)၊YSO-ISA ၊Wolf Brother ​တို့က အတူပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်အတွင်း စကစဘက်က ပိတ်ဆို့ထားတဲ့ နေရာတိုင်းကို ယခုလိုပဲပြန်လည်တိုက်ထုတ်သွားမယ်လို့ MGN Tiger အဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေဖော်ဆောင်ရာမှာ တိုက်ခိုက်ရေး ပစ္စည်းတွေဝယ်ယူဖို့ တက်နိုင်တဲ့အဖက်ဖက်က လှူဒါန်းပေးကြဖို့ကိုလည်း ‌ပြောဆိုထားပါသေးတယ်။

ပုံ – မဟာမိတ်တပ်များတိုက်ပွဲမှပြန်လာစဉ်
ပုံ – မဟာမိတ်တပ်များတိုက်ပွဲမှပြန်လာစဉ်

Leave a Reply

Your email address will not be published. Required fields are marked *