စက်တင်ဘာ ၁၈၊ The Nation Voice
စစ်ကောင်စီက နေပြည်တော်မှာရှိတဲ့ မြို့နယ်တွေမှာ အများပြည်သူလူခြုံရေးအကြောင်းပြချက်နဲ့ ညမထွက်ရအမိန့်ကို စစ်ကောင်စီရဲ့ ထွေအုပ်ရုံးတွေကတဆင့် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) တွေကို ထုတ်ပြန်လိုက်ပါတယ်။ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်တဲ့မြို့နယ်တွေထဲမှာ ဥတ္တရသီရီ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဘူသီရီ၊ ဇေယျာသီရိ၊ လယ်ဝေး၊ တပ်ကုန်းနဲ့ ပျဥ်းမနားမြို့နယ်တွေပါဝင်ပြီး မနေ့ စက်တင်ဘာ (၁၇)ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်တာပါ။
” လူတချို့သည် အများပြည်သူတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေရန် ပြုမူဆောင် ရွက်နေခြင်းကြောင့် အများပြည်သူတို့၏လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား စေနိုင်သည်ဟု ယုံကြည်ယူဆရသဖြင့် မြို့နယ်တွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံး ပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမူခြင်းများကို တားမြစ်လိုက်သည် ” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ညမထွက်ရအမိန့်တွေထဲမှာ တားမြစ်ထားတဲ့အချက်တွေက သာမာန်ပြည်သူတွေက အခုနောက်ပိုင်း လုပ်ဆောင်တာမျိုးမရှိဘဲ စစ်ခေါင်းဆောင် ရုရှားကပြန်လာတုန်းက မိုးဟိန်းနဲ့ စစ်တပ်လော်ဘီတွေဦးဆောင်ပြီး ငါးထောင်စားတွေကပဲ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းကြို၊လမ်းကြားကစပြီး လူငါးဦးထက်ပိုပြီး စုဝေးခွင့်ကိုလည်း ည (၁၂) နာရီကနေ ညနေ (၄) နာရီအချိန်အထိ စုဝေးခွင့်မရှိကြောင်းကိုလည်း ထည့်သွင်းထားပြီး နောက်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးတဲ့အထိ အဲဒီညမထွက်ရအမိန့်က အသက်ဝင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ #thenationvoicemyanmar #နေပြည်တော် #ညမထွက်ရအမိန့်





