စက်တင်ဘာ ၁၈၊ The Nation Voice
စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာ မိုင်းရှာဖို့ထွက်လာတဲ့ စကစစစ်ကြောင်းတစ်ခုကို စက်တင်ဘာ(၁၆)ရက်က နတ်ရေကန်ကျေးရွာနဲ့ ရေပိုးစားကျေးရွာကြားမှာ မဟာမိတ်တွေနဲ့အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်တောက်ထွန်း-ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မနက်(၉)နာရီဝန်းကျင်လောက်မှာ ခြေလျင်မိုင်းရှင်းထွက်လာတဲ့ စကစစစ်ကြောင်းကို မဟာမိတ်အဖွဲ့တွေကအဝေးထိန်း(remote)နဲ့ဖောက်ခွဲတိုက်ခိုက်ရတဲ့ (၄)လုံးတွဲ ပဒေသာ(၂)ပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစတပ်သား(၇)ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရစစ်သားတွေကိုတော့ နီးစပ်ရာကျေးရွာတစ်ရွာမှာ ဆေးကုသနေကြောင်းသိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ မဟာမိတ်အဖွဲ့တွေ လွှတ်ထားတဲ့ ခရီးသွားဟန်ဆောင် ကင်းထောက်ညီအကိုတွေ အကူအညီနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ ဗိုလ်တောက်ထွန်း(MBTT)အဖွဲ့နဲ့အတူ လျှပ်တစ်ပြက်စွန်ညိုပျောက်ကြားတပ်ဖွဲ့၊ဗိုလ်နေတိုး (BNT)၊ B.C အထူးပျောက်ကြားတပ်ဖွဲ့၊ CRAတပ်ခွဲ (၂)၊ Aung San Force (A.S.F တပ်ခွဲ ၂) တို့မှအတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
