ကာဇက်စတန်နဲ့တာဂျစ်ကစ္စတန်နယ်စပ်တိုက်ပွဲတွေကြောင့် လူ(၁၀၀)နီးပါးသေဆုံး

စက်တင်ဘာ ၁၉၊ The Nation Voice

ပြီးခဲ့တဲ့နှစ်တွေအတွင်း နှစ်နိုင်ငံကြားသေဆုံးမှုအများဆုံးအဖြစ်အပျက်အနေနဲ့ ကာဇက်စတန်နဲ့တာဂျစ်ကစ္စတန်နယ်စပ်ထိတွေ့တိုက်ပွဲတွေကြောင့် အနည်းဆုံးလူ (၉၄)ဦးသေဆုံးပြီး လူ(၁၀၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ဗဟိုအာရှနိုင်ငံ (၂)နိုင်ငံကြားမှာ တိုက်ပွဲတွေစဖြစ်ခဲ့ပြီး သောကြာနေ့မှာ အပစ်ရပ်သဘောတူခဲ့ပါတယ်။ အရင်ဆိုဗီယက်ပြည်ထောင်စု(ယခု ရုရှား)မှာပါဝင်ခဲ့တဲ့အိမ်နီးချင်း (၂)နိုင်ငံကြား ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်း နယ်စပ်အပြိုင်အဆိုင်ဖြစ်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ပုံမှန်ဖြစ်လေ့ရှိပါတယ်။

အခုနောက်ဆုံးဖြစ်စဉ်အတွက် နှစ်ဖက်စလုံးက တဖက်နဲ့တဖက်အပြစ်တင်နေကြပါတယ်။နှစ်နိုင်ငံကြားမိုင် (၆၀၀) လောက်နယ်နိမိတ်ထိစပ်နေပြီး ၃ ပုံ ၁ ပုံလောက်က ပိုင်နက်အငြင်းပွားနယ်မြေတွေဖြစ်ပါတယ်။ သောကြာနေ့က အပစ်ရပ်မှုကို ရုရှားကကြားဝင်ညှိနှိုင်းပေးခဲ့ပြီး တင်းမာမှုတွေလျှော့ချနိုင်အောင်လုပ်ကြဖို့ ရုရှားသမ္မတ ဗလာဒီမျာ ပူတင်က နှစ်နိုင်ငံခေါင်းဆောင်တွေကို တနင်္ဂနွေနေ့မှာတိုက်တွန်းခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *