စက်တင်ဘာ ၁၉၊ The Nation Voice
စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ် အကုက္ကားရွာကနေ အောင်ချမ်းသာရွာဘက်ကိုထွက်ခွာလာတဲ့ စကစအထူးကွန်မန်ဒိုစစ်ကြောင်းကို မဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ခိုက်ရာမှာ စကစဘက်က(၂၂)ဦးအထိ သေဆုံးခဲ့တယ်လို့ Myanmar Defense Force-TAZE က ဒီကနေ့မှာထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၁၇)ရက် မနက်(၇)နာရီကျော်လောက်မှာအောင်ချမ်းသာကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အထူးကွန်မန်ဒို စကစစစ်ကြောင်းကို မဟာမိတ်အဖွဲ့တွေက ပျူခေါင်းဆောင်ခေါင်းဆောင်စိန်ချိုနေအိမ်ရဲ့ မြောက်ဘက်ထန်းတောထဲမှာပဒေသာမိုင်း(၅)လုံး၊ အောင်ချမ်းသာအနီးမူးဘောင်ဘက်မှာ ပဒေသာမိုင်း(၅)လုံး၊မူးဘောင်ရဲ့မြောက်ဘက်မှာပဒေသာမိုင်း(၃)လုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်အဖွဲ့တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့လည်း ပျောက်ကျားတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့လို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ Defense Force-TAZE,Tigers Guerilla, Warefare(KPK),TSR၊PLA,TCRF(PLA),9star တပ်ရင်း(၆၊၈၊၁၀၊၁၆)၊ပကဖ၊ပလဖတွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ စကစတပ်တွေဟာ ကျွန်လည်(ပျူ)ရွာဘက်ကို ထွက်ခွါသွားခဲ့ပြီး အဆိုပါတိုက်ခိုက်မှုဟာ စက်တင်ဘာ ၁၆ရက်က ကျဆုံးသွားတဲ့သူရဲကောင်းတွေအတွက် လက်စားချေတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ Myanmar Defense Force-TAZE က ထုတ်ပြန်ထားပါတယ်။ #thenationvoicemyanmar #PDF #တန့်ဆည် #စစ်ကိုင်း
