တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် အမေရိကန်က အကာအကွယ်ပေးမယ်လို့ ဘိုင်ဒန်ပြော

စက်တင်ဘာ ၁၉၊ The Nation Voice

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မယ်ဆိုရင် အမေရိကန်က ကာကွယ်ပေးသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောပါတယ်။ “မကြုံစဖူးတိုက်ခိုက်မှုရှိလာမယ်ဆိုရင်တော့ ကာကွယ်သွားပါမယ်”လို့ စီဘီအက်စ်သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာ ဘိုင်ဒန်ကပြောပါတယ်။ ဒီမှတ်ချက်ကြောင့် အိမ်ဖြူတော်က အမေရိကန်ရဲ့မူဝါဒမပြောင်းလဲဘူးလို့ ရှင်းချက်ထုတ်ခဲ့ပါတယ်။

ထိုင်ဝမ်ကို ကာကွယ်ဖို့ ကတိကဝတ်ပြုထားတာမရှိသလို ကာကွယ်မယ်ဆိုတဲ့အချက်ကိုလည်း အမေရိကန်က ဖယ်ထုတ်ထားခြင်းမရှိပါဘူး။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းနိုင်ငံဖြစ်ပြီး နယ်ဝေးရောက်နေတဲ့သူတို့ပိုင်နက်လို့ တရုတ်ပြည်မကြီးကပြောထားပါတယ်။

Source – BBC Photo – EPA

Leave a Reply

Your email address will not be published. Required fields are marked *