မျောက်ကျောက်ရောဂါကူးစက်မှုတွေ့ရှိပြီးနောက် နိုင်ငံခြားသားတွေကို မထိဖို့ တရုတ်ကျန်းမာရေးအရာရှိသတိပေး

စက်တင်ဘာ ၁၉၊ The Nation Voice

တရုတ်နိုင်ငံမှာ ပထမဆုံးမျောက်ကျောက်ရောဂါကူးစက်မှုတွေ့ရှိပြီး နောက်တစ်ရက်ဖြစ်တဲ့ တနင်္လာနေ့မှာ နိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားသားတွေကိုမထိဖို့ တရုတ်ထိပ်တန်းကျန်းမာရေးအရာရှိတစ်ဦးက သတိပေးပါတယ်။ Weibo လူမှုကွန်ရက်မှာ တရုတ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနရဲ့ကူးစက်ရောဂါပျံ့ပွားမှုကာကွယ်ရေးအကြီးအကဲ ဝူကျန်ယူးက နိုင်ငံခြားသားတွေနဲ့ အသားချင်းမထိဖို့ အကြံပြုထားတာပါ။

အဲဒီပို့စ်ကြောင့် အငြင်းပွားမှုတွေဖြစ်နေပြီး တချို့က လူမျိုးရေးခွဲခြားတာလို့ တံဆိပ်ကပ်နေပါတယ်။မူရင်းပို့စ်မှာလည်း မှတ်ချက်ပြုခွင့်ပိတ်ထားပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါစတင်ပြီးနောက်ပိုင်း ချက်ချင်းအလုံပိတ်ကန့်သတ်မှုပြုလုပ်တာ၊ နယ်စပ်ပိတ်ထားတာ၊ မဖြစ်မနေကူးစက်မှုရှိ၊ မရှိစစ်ဆေးရတာနဲ့ ခရီးသွားကန့်သတ်မှုတွေပြုလုပ်တာလိုမျိုး ကမ္ဘာ့အတင်းကြပ်ဆုံးအစီအစဉ်တွေပြုလုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *