စက်တင်ဘာ ၁၉၊ The Nation Voice
ရှမ်းပြည်နယ်၊လာရှိုးမြို့နယ်အတွင်း စကစရဲ့အဓိကကျတဲ့နေရာတွေကို ဖောက်ခွဲတိုက်ခိုက်ဖို့လုပ်ဆောင်ခဲ့ပေမယ့် ပြည်သူများရှိနေသဖြင့် လက်လျှော့ခဲ့ရတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က ဒီနေ့မှာထုတ်ပြန်ပါတယ်။ စကစရဲ့အဓိကနေရာကြီးတွေကို မတိုက်ခိုက်ခဲ့နိုင်ခဲ့ပေမယ့် လားရှိုးမြို့၊ မနေ့ကည(၇)နာရီဝန်းကျင်ခန့်မှာရပ်ကွက်(၁)ရှိ ယာဉ်ထိန်းရုံးနဲ့မနေ့ကည(၈)နာရီဝန်းကျင်ခန့်မှာ လားရှိုးမြို့အဝင် မုခ်ဦးအနီးကစကစ(ကညန)တပ်စခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုအတွင်းမှာ စကစတပ်သားတွေရဲ့ အထိအခိုက်အသေအဆုံးကို အတိအလင်း မသိကသေးပေမယ့် NSSAA အဖွဲ့က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြည်သူ့မျက်နှာ ထောက်ထားပြီး ရုတ်သိမ်းခဲ့ရတဲ့ မစ်ရှင်တွေကို ပြန်လည်ဖော်ဆောင်သွားမှာဖြစ်လို့ မိဘပြည်သူတွေက စစ်ကောင်စီလက်ပါးစေတွေအနီးမှာ မလိုအပ်ဘဲ သွားလာလှုပ်ရှားမှု မပြုလုပ်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်တော်သားတွေက နေ့ရက်တိုင်းကို အကြောက်တရားနဲ့ ရှင်သန်နေရမယ်၊ပြေးစရာမြေ တစ်လက်မမှ မရှိစေရဘူးလို့ NSSAA အဖွဲ့က ပြောပါတယ်။
