CTU အဖွဲ့က ထုတ်လုပ်အောင်မြင်ထားတဲ့ ဗုံးသီးတွေကို တခြား(ပကဖ)တွေဆီ ဖြန့်ဖြူးတပ်ဆင်ပေးမယ်လို့ဆို

စက်တင်ဘာ ၁၉၊The Nation Voice

Civil Technical Unit-(CTU)အဖွဲ့ဟာ LWAGG_M02 ခေါ် (ဝေဟင်မှမြေပြင်ပစ်ဗုံးသီး)အမျိုးအစားတစ်ခုကို ထုတ်လုပ်အောင်မြင်ထားကြောင်းစက်တင်ဘာ(၁၈)ရက်နေ့က ထုတ်ဖော် မိတ်ဆက်ပြသလာပါတယ်။ အဲ့ဒီဗုံးသီးတွေကို ထုတ်လုပ်အောင်မြင်နိုင်ရေးအတွက် လိုအပ်တဲ့ သုတေသနပြုလုပ်တာ၊ မြေပြင်တွင်လက်တွေ့စမ်းသပ်တာ၊ ထုတ်လုပ်တာတွေကိုစွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။

အခုလက်ရှိမှာ CTU အဖွဲ့အနေနဲ့ ဆက်သွယ်ရေး (ချိတ်ဆက်မှု)အခက်အခဲတွေကြောင့် မဟာမိတ်အဖြစ် လက်မတွဲနိုင်ဖြစ်သေးတဲ့ မြန်မာပြည်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ၊ PDF) တွေအနေနဲ့ LWAGG_M02 (ဝေဟင်မှမြေပြင်ပစ်ဗုံးသီး)တွေကို အသုံးပြုလိုပါက page messenger (သို့မဟုတ်) civiltechnicalunit@gmail.com ကိုဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လိုအပ်တဲ့တပ်ဆင်ပြုလုပ်နည်း၊ ထုတ်လုပ်နည်း၊ စစ်ဆင်ရေးတွေမှာ အသုံးချနည်းတွေကိုလည်း အခမဲ့ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ Civil Technical Unit-(CTU)အဖွဲ့ဟာ မောင်းသူမဲ့ယာဉ် (UAV,USVURV) ကျွမ်းကျင်ပညာရှင်တွေ၊အီလတ်ထရွန်းနစ်ကျွမ်းကျင်ပညာရှင်တွေ၊ အဝေးထိန်းစနစ်ကျွမ်းကျင်ပညာရှင်တွေနဲ့တခြားသောနယ်ပယ်ပေါင်းစုံက မြန်မာပြည် ဖွား အင်ဂျင်နီယာပညာရှင်များစွာပါဝင်ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *