စက်တင်ဘာ ၂၀၊The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)ဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးကို ဆုငွေ ပေးအပ်ခဲ့ကြောင်း မူတြော် သတင်းစဉ်က ဒီကနေ့ စက်တင်ဘာ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။ ခမရ(၄၀၁) က တပ်သား သာလှနဲ့ တပ်သား ရဲသီဟထွန်း တို့ဟာ ဩဂုတ် ၂၁ရက်က အလင်းဝင်လာတာ ဖြစ်ပြီး လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ တပ်သား သာလှကို ကျပ်(၁၅)သိန်း ဆုငွေပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်နက်မယူလာတဲ့ တပ်သား ရဲသီဟထွန်းကိုလည်း ကျပ်(၅)သိန်း ပေးအပ်ခဲ့ကြောင်း တပ်မဟာ(၅)ကဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို စွန့်ခွာပြီး KNU တပ်မဟာ(၅)ထံ လာရောက် အလင်းဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဆက်မပြတ်ရှိနေတယ်လို့ အသိပေးထားပါတယ်။
