စက်တင်ဘာ ၂၀၊ The Nation Voice
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်ကနေ မူးယစ်ဆေးဝါးအသစ်တစ်မျိုးမှောင်ခိုသွင်းနေတာကိုကာကွယ်ဖို့ မယ်ဆိုင်မြို့အပါအဝင် ထိုင်းမြောက်ပိုင်းချင်းရိုင်ခရိုင်က ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာတပ်စွဲထားတဲ့ထိုင်းစစ်တပ်က နယ်စပ်စောင့်ကြည့်မှုအရှိန်မြှင့်တင်နေပါတယ်။ တာချီလိတ်မြို့က ဖျော်ဖြေရေးနေရာတိုင်းမှာ ၂၀ ဂရမ်ပါတဲ့ပေါင်ဒါမှုန့်တထုပ်ကို ဘတ်(၃၀၀၀)နဲ့(၆၀၀၀)ကြားဈေးနှုန်းနဲ့ အလွယ်တကူရနေတယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေးအရာရှိတွေကပြောပါတယ်။
အဲဒီမူးယစ်ဆေးဝါးဟာ မက်သာဖက်တမင်းစိတ်ကြွဆေးပြားထက် အစွမ်းပိုနည်းပေမဲ့ တညလုံးမအိပ်ဘဲလန်းလန်းဆန်းဆန်းနေနိုင်စေပြီး အမှတ်တံဆိပ်အမျိုးမျိုးနဲ့ ကွန်ဒုံးအိတ်လိုမျိုးထုပ်ပိုးထားတယ်လို့လည်း ထိုင်းဘက်ကပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါစတင်လာပြီးနောက်ပိုင်း အဲဒီမူးယစ်ဆေးဝါးပေါ်ပေါက်လာခဲ့ပေမဲ့ မကြာသေးခင်ကမှ တာချီလိတ်က နိုက်ကလပ်တွေမှာ လူကြိုက်များလာတယ်လို့လည်း အသိပေးပါတယ်။ ထိုင်းဘက်မှာ အဲဒီမူးယစ်ဆေးဝါးကိုမတွေ့ရသေးပေမဲ့ ဒေသခံအရာရှိတွေက ထိုင်းနိုင်ငံထဲမူးယစ်ဆေးသယ်လာနိုင်ဖွယ်ရှိတဲ့ သံသယဖြစ်ဖွယ်ကားတွေနဲ့လူတွေကို စစ်ဆေးနေပါတယ်။
