နိုင်ငံခြားခရီးသွားတွေအတွက် နယ်စပ်ဝင်ခွင့်စည်းကမ်းတွေဖြေလျှော့ပေးဖို့ တရုတ်စီစဉ်နေ

စက်တင်ဘာ ၂၀၊ The Nation Voice

တရုတ်အစိုးရက နယ်စပ်တလျှောက်မှာရှိတဲ့ခရီးသွားနေရာတွေကိုဝင်ရောက်လည်ပတ်မယ့် နိုင်ငံခြားသားတချို့အတွက် ပိုပြီးလွယ်ကူစေဖို့ စည်းကမ်းမူကြမ်းတွေထုတ်ပြန်လိုက်ပါတယ်။ တရုတ်နယ်စပ်မှာရှိတဲ့ခရီးသွားလုပ်ငန်းတွေကစီစဉ်ပေးတဲ့ခရီးသွားအုပ်စုတွေဟာ ပြောင်းလွယ်ပြင်လွယ်တဲ့ဝင်လမ်း၊ ထွက်လမ်းတွေကို ရွေးချယ်နိုင်တယ်လို့ ဘယ်နေရာတွေ၊ ဘယ်နေ့ရက်ကစတင်အသက်ဝင်မယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေမပြောဘဲ တရုတ်ယဉ်ကျေးမှုနဲ့ ခရီးသွားဝန်ကြီးဌာနက တနင်္လာနေ့က ထုတ်ပြန်ချက်မှာပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အစပိုင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေစတင်ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံဟာ အလုပ်ဗီဇာတချို့ကိုင်ဆောင်ထားတဲ့နိုင်ငံခြားသားတွေကလွဲလို့ နယ်စပ်ကနေ နိုင်ငံခြားသားတွေဝင်ထွက်ခွင့်ပိတ်ထားပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း စည်းကမ်းတွေတဖြည်းဖြည်းပြန်ဖြေလျှော့ပေးခဲ့ပြီး တရုတ်နိုင်ငံနဲ့ တချို့နိုင်ငံတွေကြားတိုက်ရိုက်ပျံသန်းတဲ့တိုက်ရိုက်ခရီးစဉ်တွေပြန်စလာသလို နိုင်ငံခြားကျောင်းသားတွေကိုလည်း တရုတ်နိုင်ငံထဲပြန်ဝင်ခွင့်ပြုခဲ့ပါတယ်။

နိုင်ငံခြားကနေရောက်လာသူတွေအတွက် အသွားအလာကန့်သတ်စောင့်ကြည့်မှုတွေကိုလည်း လျှော့ချခဲ့ပါတယ်။ ရုရှား၊ မွန်ဂိုလီးယား၊ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်အပါအဝင် နိုင်ငံ (၁၀) နိုင်ငံကျော်နဲ့ တရုတ်နိုင်ငံက နယ်နိမိတ်ထိစပ်နေပါတယ်။ တရုတ်နယ်စပ်ကမြို့တွေဟာ နိုင်ငံခြားသားတွေနဲ့တရုတ်နိုင်ငံသားတွေရဲ့ဖြတ်သန်းသွားလာမှုကြောင့် COVID-19 ရောဂါကူးစက်မှုတွေမကြာခဏပြန်လည်ဖြစ်ပွားလေ့ရှိပါတယ်။

Source – Reuters Photo – Reuters

Leave a Reply

Your email address will not be published. Required fields are marked *