စက်တင်ဘာ ၂၀၊The Nation Voice
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှာ ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲမေ မဇယ်ရာမီးနာ အသက်(၁၈)နှစ်ဟာ စက်တင်ဘာလ(၁၈)နေ့ ညနေမှာ ကျဆုံးသွားခဲ့တယ်လို့ (DMO-Local PDF)ကထုတ်ပြန်ပါတယ်။ ကျဆုံးခဲ့တဲ့ ရဲမေ မဇယ်ရာမီးနာဟာ ရှေ့တန်းမှာ ဆေးကုပေးဖို့ ဦးလေးဖြစ်သူနဲ့အတူသွားရောက်ပြီး ပြန်လာတဲ့အချိန်မှာ စကစကထောင်ထားတဲ့နင်းမိုင်းနင်းမိကာ ကျဆုံးခဲ့တာဖြစ်ပြီး ဦးလေးဖြစ်သူ အသက်(၅၀)အရွယ်ပေါလူခွန်းဟာလည်း ဘယ်လက်နဲ့ဘယ်ခြေထောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ကျဆုံးသွားခဲ့ရတဲ့ ရဲမေ မဇယ်ရာမီးနာရဲ့ ဈာပနအခမ်းအနားကို ကက်သလစ်ခရစ်ယာန်ထုံးတမ်းအစဉ်အလာနဲ့အညီ ဒီကနေ့မနက်က ဂူသွင်းသဂြိုလ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ရဲမေ မဇယ်ရာမီးနာကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)အနေဖြင့် ဖက်ဒရယ်သူရဲကောင်းအဖြစ်မှတ်တမ်းတင် ဂုဏ်ပြုသွားမှာဖြစ်ပြီး ကျန်ရစ်တဲ့ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း DMO-Local PDF က ထုတ်ပြန်ထားပါတယ်။




