စက်တင်ဘာ ၂၂၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)လက်အောက်ခံတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ စက်တင်ဘာပထမ ပတ်ကစပြီး တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၅)နယ်မြေက ဆင်းလာတဲ့ အင်အား(၂၀၀)ခန့်ပါ စစ်ကောင်စီတပ်နဲ့ စက်တင်ဘာ ၇ရက်ကတည်းက တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၄ရက်နဲ့ ၁၇ရက်နေ့မှာ စစ်အင်အားတွေဖြည့်တင်းခဲ့သလို စက်တင်ဘာ ၁၄ရက်နဲ့ ၂၀ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စုစုပေါင်း လေကြောင်း တိုက်ခိုက်မှု (၇)ကြိမ်ပြုလုပ်ခဲ့ရာ ထိခိုက်ပျက်စီးမှု အခြေအနေတွေ ရှိမရှိကိြတော့ ဖော်ပြထားတာမရှိပါဘူး။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာကို ရဟတ်ယာဉ်တွေနဲ့ ရိက္ခာပို့ဆောင်တာ၊ လေယာဉ်တွေနဲ့ ထောက်လှမ်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်ပတ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ KNU နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေတွေကို သတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမှာ အထိနာရင် လေကြောင်းက တိုက်ခိုက်တာတွေလုပ်ဆောင်လေ့ရှိပါတယ်။ #thenationvoicemyanmar #KNU #ညောင်လေးပင် #ကျောက်ကြီး
