ခင်ဦးမြို့ပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရိုင်းပြစွာပြုမူခဲ့တဲ့ ရဲကတော်မိချို ရှင်းလင်းသုတ်သင်ခံရ

စက်တင်ဘာ ၂၂၊ The Nation Voice

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့မ ရဲစခန်းက ရဲကတော်(ရဲမိန်းမ) မိချိုဆိုသူဟာ ဒီကနေ့မနက်(၇)နာရီဝန်းကျင်လောက်မှာ သုတ်သင်ခံလိုက်ရကြောင်း ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးဆီ သိရပါတယ်။ ရဲကတော်မိချိုဆိုသူဟာ ခင်ဦးမြို့မရဲစခန်းကနေ ခင်ဦးမြို့မစျေး ကိုစျေးဝယ်ထွက်ချိန်မှာ သုတ်သင်ခံလိုက်ရတာဖြစ်တယ်‌လို့ ဆိုပါတယ်။

ရဲကတော်မချိုဆိုသူဟာ အာဏာသိမ်းပြီးစဥ်ကာလတုန်းက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို ဓားကိုင် မိုက်ရိုင်းစွာဆဲဆိုပြီး လုံချည်(ထမိန်)လှန်ပြတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ရှင်းလင်းမှုဖြစ်စဉ်အပြီးမှာ စကစအဖွဲ့ဝင်တွေဟာ ခင်ဦးမြို့ပေါ်မှာ ကား(၃)စီးနဲ့ ခြေရှုပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင်ကဗွက် ရွာဘက်ရောက်နေတဲ့ စကစအဖွဲ့ဝင်တွေဟာ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်နေပြီး မနေ့ညက သာဂရရွာမှာ ညအိပ်ခဲ့တဲ့ စကစစစ်ကြောင်းဟာ သာဂရရွာအတွင်းက ပြည်သူပိုင်နေအိမ်တွေကို ဒီနေ့မနက်(၇)နာရီကျော်လောက်မှာ မီးရှို့သွားခဲ့ပြီး အခု ဂွေးကုန်းရွာဘက်ရောက်နေတယ်လို့ ထပ်ဆောင်းအသိပေးထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *