ပြည်ကြီးတံခွန် စက်မှုပန်းခြံကို ကင်းလှည့်လာတဲ့ စကစတပ်သားတွေ တိုက်ခိုက်ခံရ၊(၂)ဦးပြင်းထန်ဒဏ်ရာရ

စက်တင်ဘာ ၂၂၊ The Nation Voice

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီးကို ကားကြီးတစ်စီးနဲ့ ကင်းပတ်လာတဲ့ စကစတပ်သားတွေကို မနေ့ကပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Generation Z Power – GZP ( Mandalay )ကထုတ်ပြန်ပါတယ်။ မနေ့က နေ့လယ်(၂)နာရီဝန်းကျင်လောက်က ပြည်ကြီးတံခွန် စက်မှုပန်းခြံအနီးမှာ စကစတပ်သား(၁၅)ဦးလိုက်ပါလာတဲ့ ကားကြီးတစ်စီးကို ပဒေသာမိုင်း(၂)လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စကစဘက်က ရဲသား(၇)ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့ကာ (၂)ဦးပြင်းထန်ဒဏ်ရာရပြီး သေဆုံးနိုင်ဖွယ်ရှိကြောင်းGZP (Mandalay)ကထုတ်ပြန်ထားပါတယ်။ GZP(Mandalay)အဖွဲ့ဟာ စက်တင်ဘာ(၁၇)ရက်နေ့တုန်းကလည်း အရာတော်မြို့နယ်က စကစတပ်စခန်းတစ်ခုကို မဟာမိတ်အဖွဲ့တွေနဲ့အတူဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စကစဘက်က(၁၇)ဦး သေဆုံးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *