စစ်ကောင်စီတပ်ကိုဒရုန်းနဲ့ဗုံးကြဲတာ၊ စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာမှာ ရန်သူ (၇)ဦးသေဟု ကော်ဘရာ စစ်ကြောင်းအသိပေး

စက်တင်ဘာ၂၃၊ The Nation Voice

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ မြ၀တီ-ဝေါ်လေလမ်း သေ့ဘောဘိုးကျေးရွာမှာ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၇)ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊သေ့ဘောဘိုးကျေးရွာ အနီး ကျူးကျော်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းရဲ့ တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဖော်ပြထားပါတယ်။

ဒီကနေ့ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့က လက်ဖြောင့်စနိုက်ပါစစ်သည်တော် နှစ်ဦးရဲ့ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး သေဆုံးပြီး ဒရုန်းနဲ့ ဗုံးကဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ (၅)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ဒီကနေ့ တိုက်ပွဲမှာ ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုရှိမရှိကို ကော်ဘရာ စစ်ကြောင်းရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *