စက်တင်ဘာ ၂၃၊ The Nation Voice
စစ်ကိုင်းတိုင်း၊ထီးချိုင့်-မြတောင်လမ်းဆုံက စကစဂိတ်စခန်းတစ်ခုကို ဒီကနေ့မှာ ဗုံးထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Special.9-HPDF ကထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်(၆)နာရီကျော်လောက်မှာ မြတောင်လမ်းဆုံးဂိတ်ကို ကြိုတင်ထောင်ထားတဲ့ ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် ဂိတ်အတွင်းက စကစတပ်သား (၂)ဦးသေဆုံးပြီး ဂိတ်အပြင်ဘက်က တပ်သား(၁)ဦးမှာ ခြေထောက်ပြတ်ထွက်သွားကြောင်း ကြားသိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
“မိုင်းနှစ်လုံးဆွဲပြီး ရှယ်ကြွေးလိုက်တယ် မိုင်းကလဲ မထိမှာမပူရဘူး ဂိတ်တဲအထဲချပေးထားတာ မြွေဆိုရင်တောင် ထကိုက်တယ်။ သူတို့ဘာသာသူတို့ ဂိတ်ကြေးကောက်ဖို့ဘဲ လောဘတက်နေတာဆိုတော့ ကန်းပြီပေါ့”လို့ Special.9-HPDF က ပြောဆိုထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုမှာ Special.9-HPDF ကရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
