စက်တင်ဘာ ၂၃၊ The Nation Voice
ရှမ်း-ကယားအစပ်၊ မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး စက်တော်ရာတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကနီတပ်ပေါင်းစုတွေ စက်တင်ဘာ (၁၉) ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားပါတယ်။ ယမန်နေ့ကလည်း မွန်းလွဲပိုင်းကစပြီး ညနေ (၆) နာရီအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကရင်နီတပ်တွေရဲ့ စနိုက်ပါ လက်ချက်ကြောင့် စစ်သား (၃) ဦးသေဆုံးကာ လွိုင်ကော်အမြှောက်တပ်က ပစ်တဲ့ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အများအပြားတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို တာဝေးပစ်အမြှောက်တွေပစ်ခတ်တဲ့အထဲက ၁၂၀ မမ လက်နက်ကြီး ကျည် နှစ်လုံးဟာ စက်တော်ရာတောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေပေါ်ပြန်ကျရောက်တဲ့အတွက် စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်တွေက ထိခိုက်မှုမရှိဘဲ ပူးပေါင်း ခုခံနေပြီးတော့ မိဘပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေတင်းမာနေတဲ့ မိုးဗြဲမြို့အတွင်း သွားလာတာတွေလုံးဝမလုပ်ဖို့ သတိပေးထားပါတယ်။
