လှည်းမကူးကျေးရွာက စကစခန့်အုပ်ချုပ်ရေးမှူး ထွန်းအောင်ကျော်ဆိုသူ ပစ်ခတ်ရှင်းလင်းခံရ၊လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ

စက်တင်ဘာ ၂၃၊ The Nation Voice

မန္တလေးတိုင်း၊တောင်သာမြို့နယ် လှည်းမကူးကျေးရွာက စကစခန့် အုပ်ချုပ်ရေးမှုး ထွန်းအောင်ကျော်ဆိုသူကို စက်တင်ဘာ(၂၁)ရက်နေ့က မဟာမိတ်အဖွဲ့တွေနဲ့အတူ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ TTA-ပြောက်ကျားတပ်‌(တောင်သာ)ကထုတ်ပြန်ပါတယ်။ အုပ်ချုပ်ရေးမှုး ထွန်းအောင်ကျော်ဆိုသူဟာ စကစဆီမှာ ပျူစောထီးသင်တန်းတက်ပြီး ပြည်သူလူထုအပေါ် သေနတ်အားကိုးနဲ့ ကျေးရွာလူထုအပေါ် ဖိနှိပ်တာ၊ခြိမ်းခြာက်အကြပ်ကိုင်တာ၊ PDF တွေရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်းပြီး စကစဆီ သတင်းပေးပို့တာတွေကိုပြုလုပ်နေတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ရှင်းလင်းမှုဖြစ်စဉ်အတွင်းမှာ အုပ်ချုပ်ရေးမှုး ထွန်းအောင်ကျော်ဆီကနေ M-22 ချေမှုန်းရေး ရိုင်ဖယ်တစ်လက်၊ကျည်ဘောက်(၃)ခုနဲ့ (၇.၆၂မမ)ကျည်(၃၇)တောင့် တို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)တပ်ခွဲ(၂) TTA-ပြောက်ကျားတပ်‌(တောင်သာ)နဲ့အတူ တပ်ခွဲ(၁)မြေလတ်PDF၊တပ်ခွဲ(၃)က Myingyan Black Tiger ၊Natogyi Regional Defence Force ၊ The Value of Young Men တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *