စက်တင်ဘာ ၂၃၊ The Nation Voice
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၊ နှစ်ထပ်ဘန်ကာအနီးမှာ ဒီနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အဲဒီဘန်ကာဟာ သုံးကြိမ်မြောက်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရှိခဲ့ပြီး ပြည်သူကိုထိခိုက်ခြင်းလား၊ စစ်ကောင်စီတပ်သားတွေကိုထိခိုက်ခြင်းလာဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။ သမိုင်းလမ်းဆုံမှာ လုံခြုံရေးယူထားတဲ့ စစ်တပ်ဘန်ကာနဲ့ ယာဥ်ထိန်းရဲကင်းကို ရန်ကုန်က ပြောက်ကျားအဖွဲ့တွေက မကြာခဏဆိုသလို တိုက်ခိုက်နေပြီး မေလတုန်းကလည်း လုံခြုံရေးရဲကင်းကို ဗုံးခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိခဲ့ပါသေးတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ တစ်နှစ်ခန့်တုန်းကလည်း စီးတီးမတ်ရှေ့မှာ စစ်ကောင်စီတပ်သားတွေ စုဝေးထိုင်နေတဲ့အချိန်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ခဲ့သလို Food Panda သယ်ယူပို့ဆောင်သူတစ်ဦးလည်း ထိခိုက်ခဲ့ပါသေးတယ်။
