စက်တင်ဘာ ၂၆၊ The Nation Voice
ထိုင်းမြောက်ပိုင်းချင်းမိုင်မြို့ရဲ့သမိုင်းဝင်မြို့ရိုးဟာ ရက်ပေါင်းများစွာမိုးကြီးတဲ့ဒဏ်ကြောင့် တနဂ်နွေနေ့မှာ ပြိုကျခဲ့ပါတယ်။
အင်္ဂါနေ့ကစပြီး ထိုင်းနိုင်ငံမှာ မုန်တိုင်းဝင်ရောက်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားချိန်မှာ ပြိုကျခဲ့တာပါ။
မိုးရေအများအပြားဝပ်ပြီး စိုစွတ်နေတာကြောင့် ချန်ဖူအက်ဂိတ်မုခ်ဦးက မြို့ရိုးတစိတ်တပိုင်းပြိုကျခဲ့တယ်လို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဌာနညွှန်ကြားရေးမှူး သာဆက် ယန်ဂျူရာက ပြောပါတယ်။
ပြိုကျခဲ့တဲ့အပိုင်းဟာ မြို့လယ်ကိုဝန်းရံထားတဲ့မြို့ရိုးဟောင်းကိုအစားထိုးဖို့ ၁၉၅၇ ခုနှစ်မှာ ပြန်လည်တည်ဆောက်ထားတဲ့အပိုင်းဖြစ်ပါတယ်။
ရှေးဟောင်းဂိတ်တွေအားလုံးကို စစ်ဆေးပြီး လူအများဘေးကင်းဖို့ ဝန်ထမ်းတွေက လုပ်ဆောင်နေပါတယ်။
ချင်းရိုင်ခရိုင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းနဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ မိုးတွေအကြီးအကျယ်ရွာခဲ့ပါတယ်။အခုတစ်ပတ်လုံးချင်းမိုင်မှာ မိုးနဲ့မိုးကြိုးမုန်တိုင်းတွေပိုကျလာနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
အခုတစ်ပတ်ထဲမှာ စူပါဆိုင်ကလုန်းမုန်တိုင်း နိုရူက ဗီယက်နမ်ကမ်းရိုးတန်းကိုရောက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အတွက် အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ကြား ထိုင်းနိုင်ငံနေရာအများအပြားအတွက် မိုးလေဝသဌာနက မုန်တိုင်းသတိပေးချက်ထုတ်ပြန်ထားပါတယ်။

Photo – Bangkok Post