စက်တင်ဘာ ၂၇၊ The Nation Voice
ချင်းပြည်နယ်၊မတူပီမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်(CDF)နဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၄)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရခဲ့ကြောင်း မတူပီ CDF က ထုတ်ပြန်ပါတယ်။ မတူပီ မြို့နဲ့ (၅)မိုင်လောက်အကွာမှာရှိတဲ့ နေရာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး မတူပီ CDF ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၂၄ရက်က မတူပီ – ဟားခါးလမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့မနက်မှာ စစ်ရေးလှုပ်ရှားလာလို့ ဆက်လက်တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ထိုးစစ်ဆင်လာလို့ စက်တင်ဘာ ၂၄ရက်က တစ်ကြိမ်၊ ၂၅ရက်မှာတစ်ကြိမ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲပထမနေ့မှာ စစ်ကောင်စီတပ်က (၃)ဦးသေဆုံးပြီး ဒုတိယနေ့မှာ စစ်ကောင်စီတပ်က (၄)ဦးသေဆုံး၊(၈)ဦး ဒဏ်ရာရခဲ့သလို CDF ရဲဘော် တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မတူပီ CDF က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်သေးတယ်လို့လည်း မတူပီ CDF တာဝန်ရှိသူက ပြောပါတယ်။


