ပုလောကနေ မြိတ်ဘက်ဆင်းလာတဲ့ စကစအရာရှိယာဉ်တန်းကို မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်

စက်တင်ဘာ ၂၈၊The Nation Voice

တနင်္သာရီတိုင်း၊ပုလောမြို့ကနေ မြိတ်ဘက်ကိုဆင်းလာတဲ့ စကစအရာရှိယာဉ်တန်းကို မနေ့က “နန်းထိုက်အောင်စစ်ဆင်ရေး”အနေနဲ့ မဟာမိတ်အဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က သတင်းထုတ်ပြန်ပါတယ်။

မနေ့က နေ့လည်(၃)နာရီကျော်လောက်မှာ ပုလောကနေ မြိတ်ဘက်ကိုဆင်းလာ စကစအရာရှိယာဉ်တန်းကို ပုလောမြို့နယ်၊ကဒဲကျေးရွာနဲ့ သင်္ကန်းတော ကျေးရွာအကြားမှာ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစတပ်သားတွေ ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး လက်ရှိမှာ အတိအကျမသိရသေးဘူးလို့လည်း ထုတ်ပြန်ထားပါ‌တယ်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ အဲ့ဒီစကစယာဉ်တန်းဟာ ပုလောမြို့နယ်အတွင်းမှာ ရပ်နားကာ ပုလောမြို့က လူနာတင်ယာဉ်တွေနဲ့ ဒဏ်ရာရ စကစတပ်သားတွေကို လာရောက်သယ်ဆောင်သွားကြောင်း စုံစမ်းသိရှိရတယ်လို့ (PRDF)ကထုတ်ပြန်ထားပါတယ်။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *