စက်တင်ဘာ ၃၀၊The Nation Voice
မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊စဉ့်ကူမြို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်လောင်းဟောင်းဦးအောင်မင်းထိုက်ဆိုသူကို မနေ့ကပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မြင်းခြံထနောင်းမြေပြောက်ကျားတပ်က ထုတ်ပြန်ပါတယ်။ မနေ့ကမနက်(၇)နာရီကျော်လောက်မှာ လွတ်တော်အမတ်လောင်းဟောင်း ဦးအောင်မင်းထိုက်ကို သေနတ်နဲ့(၄)ချက်ပစ်ခတ် ရှင်းလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။
စဉ့်ကူမြို့ ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီး(၁)လွတ်တော်အမတ်လောင်းဟောင်း ဦးအောင်မင်းထိုက်ဟာ စကစနဲ့ပူးပေါင်းပြီးအပြစ်မဲ့ပြည်သူတွေကို အတင်းအဓမ္မ ဖမ်းခိုင်းတာ၊စကစအတွက်ငွေကြေးရှာပေးတာတွေအပြင် ပြည်သူတွေ အပေါ်နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေတာကြောင့်ပစ်ခတ်ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကိုတော့ မြင်းခြံထနောင်းမြေပြောက်ကျားတပ်နဲ့အတူ BAGAN ogre Force,People’s Spirit Force တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
