မုံရွာမြို့အနောက်မြောက်ဘက်ကိုဗဟိုပြုပြီး ပြင်းအား ၅.၂ မဂ္ဂနီကျူ့ရှိမြေငလျင်လှုပ်ခတ်

စက်တင်ဘာ ၃၀၊ The Nation Voice

သောကြာနေ့မှာ ပြင်းအား ၅.၂ မဂ္ဂနီကျူ့အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ ဥရောပမြေထဲပင်လယ်မြေငလျင်ဌာန(EMSC)က ပြောပါတယ်။ ငလျင်ဗဟိုချက်ဟာ မုံရွာမြို့အနောက်မြောက်ဘက် မိုင်(၇၀)နီးပါးမှာရှိပြီး မြန်မာစံတော်ချိန် မနက် ၅ နာရီဝန်းကျင်မှာလှုပ်ခတ်ခဲ့တာလို့လည်း ငလျင်ဌာနကပြောပါတယ်။ မြေအောက် မိုင် (၉၀)လောက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အထိအခိုက်ရှိ၊ မရှိတော့ မသိရသေးပါဘူး။ အိန္ဒိယအရှေ့မြောက်ပိုင်းနယ်မြေတွေမှာလည်း နောက်ဆက်တွဲငလျင်တွေခံစားခဲ့ရတယ်လို့ အိန္ဒိယမီဒီယာတွေကဖော်ပြပါတယ်။

Source – Reuters Photo – Istock

Leave a Reply

Your email address will not be published. Required fields are marked *