စက်တင်ဘာ ၃၀၊ The Nation Voice နယ်စပ်ကိုတရားမဝင်ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်ကိုဝင်ရောက်လာဖို့ မြန်မာနိုင်ငံက ဘယ်သူ့ကိုမှခွင့်ပြုမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန် ခန်းကပြောပါတယ်။ “အာရကန်တပ်မတော်၊ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့၊ ခွဲထွက်ရေးအဖွဲ့တွေ ဘယ်သူတွေဖြစ်ဖြစ် နယ်စပ်ကိုဖြတ်ကျော်ခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်တော်တို့သတင်းစကားက ရှင်းလင်းပါတယ်”လို့ သူကပြောပါတယ်။
“ဘယ်သူ့ကိုမှ ကျွန်တော်တို့မဖိတ်ခေါ်ဘူး။ သူတို့နယ်မြေမှာ သူတို့တိုက်ခိုက်ကြပါစေ။ ကျွန်တော်တို့နယ်မြေထဲတော့ သူတို့ကို ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ အဲဒီမှာဖြစ်နေတာကလည်း သူတို့ကိစ္စ။ ခက်ခဲတဲ့အချိန်တွေမှာ အဲဒီလိုအကြပ်အတည်းတွေကို သူတို့ရင်ဆိုင်ခဲ့ပြီးပါပြီ။ အာရကန်တပ်မတော်နဲ့ မြန်မာနဲ့ စစ်ဖြစ်နေတယ်လို့ ကျွန်တော်တို့ကြားပြီးပါပြီ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံက သူတို့နိုင်ငံနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာမရှိပါဘူး”လို့လည်း အဆာဒူဇာမန် ခန်းကပြောပါတယ်။
ဘယ်သူမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုဖြတ်ကျော်ပြီး ဝင်ရောက်မလာနိုင်အောင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေက အချိန်နဲ့တပြေးညီလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့က နယ်ခြားဒေသတွေကို စွမ်းရည်ပြည့်ဝစွာကာကွယ်လျက်ရှိပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဖြစ်စေ၊ တခြားဘယ်အဖွဲ့တွေဖြစ်စေ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲဝင်ရောက်ခြင်းမရှိနိုင်အောင် သင့်တင့်တဲ့ညွှန်ကြားချက်တွေပေးထားတယ်လို့လည်း ပြောပြပါတယ်။

Source – The Daily Star Photo – Prothom Alo