အောက်တိုဘာ ၂၊ The Nation Voice
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် (၆၀)ကျော်အရွယ်နဲ့ အသက် (၅၆)နှစ်အရွယ် ပြည်သူ(၂)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၉ရက် ညနေပိုင်းက ကျောက်ကြီးမြို့နယ် ဘောကထာစစ်ကောင်စီတပ်စခန်းက ဘောကထာရွာအတွင်း RPG နဲ့ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနဲ့ မဘီကျေးရွာက လူဦးရေလေးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ KNU တပ်မဟာ(၅)နယ်မြေက ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ တပ်မဟာ(၃) တို့ဟာ စက်တင်ဘာ ၇ရက်ကတည်းက တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။



