မိုးဗြဲတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၈၀) ထက်မနည်းသေ၊ ကရင်နီတပ်တွေဘက်ကလည်း (၉) ဦးကျ၊ (၆၄) ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၊ The Nation Voice

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေ စက်တင်ဘာလ (၈) ရက်က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF တပ်ရင်း၊ ဖယ်ခုံ PDF နေပြည်တော် PDF ၊ KNDF၊ KA၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ DMO တပ်ရင်း၊ KGZ နဲ့ URF စတဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲဖြစ်ပွါးချိန်မှစပြီး ဒီနေ့အချိန်ထိ မဟာမိတ်တပ်တွေဘက်က ရဲဘော် (၉) ဦးအထိ ကျဆုံးခဲ့ကာ (၆၄) ဦး ဒဏ်ရာရရှိခဲ့တဲ့အနက် (၁၀) ဦးက ဒဏ်ရာပြင်းထန်တယ်လို့ နေပြည်တော် PDF နဲ့ ကရင်နီတပ်တွေက ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က (၈၀) ဦးထက်မနည်းသေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့ အချက်ရေ ရာချီအထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ကလေးငယ် သုံးဦးအပါအဝင် ပြည်သူ ခြောက်ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား လက်ရှိချိန်ထိစစ်ရေးတင်းမာလျက်ရှိကာ ပြီးခဲ့တဲ့တစ်လလုံး တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တာကြောင့် ခဲယမ်းများဖြည့်ဆည်းဖို့လိုအပ်နေတာကြောင့် ပြည်သူတွေ ကူညီပါဝင်ပေးကြပါဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *