ငါန်းဇွန်မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေက ညမထွက်ရအမိန့်ထုတ်ပြန်

အောက်တိုဘာ ၃၊ The Nation Voice

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ်အတွင်း ည(၇)နာရီကနေ မနက်(၆)နာရီအတွင်း အပြင်ထွက်သွားလာခြင်းမပြုဖို့ ကန့်သတ်လိုက်တဲ့ ညမထွက်ရအမိန့်စာတစ်စောင်ကို တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ထုတ်ပြန်လာပါတယ်။ အဲဒီအမိန့်စာဟာ ဒီကနေ့အောက်တိုဘာ(၃)ရက်ကနေ အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်းအကြုံးဝင်မှာဖြစ်ပြီး အရေးပေါ် ကျန်းမာရေးအခြေနေတွေမှာ သွားလာခွင့်အတွက် သက်ဆိုင်ရာ ဒေသကာကွယ်ရေးအဖွဲ့တွေဆီ အကြောင်းကြားသတင်းပို့ရမယ်လို့ ဖော်ပြထားပါတယ်။

အိမ်စီးကားတွေအနေနဲ့လည်း မှန်ချမောင်းရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စကစအဖွဲ့ဝင်တွေနဲ့နီးနီးကပ်ကပ်မနေဖို့ သတိပေးအမိန့်ထုတ်ပြန်ထားပါတယ်။ လိုက်နာဆောင်ရွက်ခြင်းမရှိရင် ထိရောက်စွာ အရေးယူခံရမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *