မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆိပ်ဖြူ – ဆောလမ်း ပိုင်းပျက်စီးကာ သွားလာရေးခက်ခဲခဲ့တဲ့အပေါ် ဆိတ်ဖြူဘာမထီအဖွဲ့ ကူညီဖြေရှင်းပေး

အောက်တိုဘာ ၃၊ The Nation Voice

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းထဲက ဆော – ဆိပ်ဖြူလမ်းပိုင်း ပျက်စီးကာ သွားလာရေးခက်ခဲခဲ့တဲ့အပေါ် ဆိတ်ဖြူဘာမထီအဖွဲ့ ကူညီဖြေရှင်းပေးခဲ့တယ်လို့ ဒီကနေ့ အောက်တိုဘာ (၃) ရက်မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ (၁) ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ဆိပ်ဖြူ – ဆောလမ်းပိုင်းအား ဖြတ်သန်းသွားလာရာမှာ ချောင်းရေစီးဆင်းမှုကြောင့် ကားများသွားလာရေး ခက်ခဲမှုဖြစ်ပေါ် ခဲ့တယ်လို့ ဆိုပါတယ်။

” ဤသို့အခက်အခဲရှိရာကို ကားနှင့်စီးနှင်းလိုက်ပါလာသော ခရီးသည်များ ညတွင်းချင်းပြန်လှည့်ရန် မဖြစ် သည့်အတွက် ထမင်း၊ ဟင်းနှင့် နေရာထိုင်ခင်းတို့ကို စီစဉ်လုပ်ဆောင်ပေးခဲ့ပါသည် ” လို့ ဖော်ပြပါတယ်။ ဒါ့အပြင် မနေ့ အောက်တိုဘာ (၂) ရက်ကလည်း ဖြတ်သန်းသွား‌လာရေးအဆင်ပြေစေရန် ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ တပ်ရင်းမှုးနဲ့ ဇနီးအပါဝင် ရဲဘော်များ၊ ရွာသူ ရွာသားများအားလုံး ပူးပေါင်းပါဝင်ပြီး လမ်းများပြုပြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆိပ်ဖြူဘာမထီတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ခိုက်ရေးလုပ်ဆောင်ရုံသာမက ပြည်သူများအဆင်ပြေစေရန်လည်း တတ်နိုင်တဲ့ဘက်မှ အစွမ်းကုန် ၊ မည်သည့်အခကြေးငွေမျှမယူဘဲ စိတ်အားထက်သန်စွာလုပ်ဆောင်ပေးလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *