အောက်တိုဘာ ၃၊ The Nation Voice
Ranger Kalay Defend Force အနေနဲ့ ဝတ်စုံအပြည့် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့အတူစစ်ရေးလေ့ကျင့်နေတဲ့ ပုံရိပ်တွေကို မိဘပြည်သူတွေသိရှိစေဖို့အတွက် ထုတ်ပြန်လာပါတယ်။
စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံတွေနဲ့အတူ ” သမိုင်းမှာ ငါတို့ ပါချင်မှ ပါလိမ့်မယ်၊ ဒါပေမယ့် ဒီနေ့ ငါတို့နဲ့ သမိုင်းစရေးမယ် ” လို့လည်း သူတို့ရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
Ranger Kalay Defend Force (RKDF)ဟာ စစ်ကိုင်းတိုင်း ကလေးဒေသအခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်ပြီးတော့ စစ်ကောင်စီတပ်တွေကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အဖွဲ့အတွက် လက်နက်၊ ကျည်၊ ရိက္ခာတို့ကို ဘိုးဘွားပိုင် လယ်၊ ယာ၊ မြေ တွေကို ရောင်းချကာ တပ်ဖွဲ့အတွက် ဖြည့်တင်းနေတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။














