ကန့်ဘလူနယ်ထဲကို စကစကစစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာ ၄၊ The Nation Voice

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် မြောက်ပိုင်းကကျေးရွာတွေဆီ ဒီကနေ့မှာစကစစစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူအများအပြား အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်(၆)နာရီလောက်ကစပြီး ကန့်ဘလူ မြောက်ခြမ်း၊ချပ်ကုန်းရွာက စကစအင်အား(၆၀)ဟာ ဇော်ချောင်းကျေးရွာကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်‌လာတာကြောင့် အနီးအနားကကျေးရွာတွေဖြစ်တဲ့ အလယ်ခုံရွာ၊သင်တောရွာနဲ့ လွင်ကြီးရွာ‌ကအပြစ်မဲ့ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့သိရပါတယ်။

ကန့်ဘလူနယ်ထဲမှာစက်တင်ဘာ (၃၀) ရက်နေ့က စကစရဲ့ရှို့မီးကြောင့် ကန့်ဘလူမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဥသျှစ်ကုန်းရွာက နေအိမ်(၇)အိမ်မီးလောင်ပျက်စီးခဲ့ပြီး လျှော်ဖြူကုန်း(ဇီးကနားကျေးရွာအနီး)ရွာက နေအိမ်(၃)လုံးလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *