မုံရွာ – မန္တလေးလမ်းကို ဒေသကာကွယ်ရေးတပ်တွေက ယာယီပိတ်

အောက်တိုဘာ ၄၊ The Nation Voice

မုံရွာ – မန္တလေးကားလမ်းမကြီးကို ဒီကနေ့ အောက်တိုဘာ(၄)ရက်ကစပြီး နောက်ထပ်ကြေညာချက်မထုတ်ခင်အချိန်ထိ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ပြီး လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

မလိုက်နာဘဲ ဖြစ်သန်းသွားလာမယ်ဆိုရင် ဖြစ်သန်းသွားလာသူတွေရဲ့ လုံခြုံရေးကို အာမမခံနိုင်သလို ထိခိုက်မှုတစုံတရာဖြစ်ပေါ်လာရင်လည်း ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ စိတ်မကောင်းဖြစ်မိရုံမှအပ တာဝန်ယူပေးနိုင်မှာမဟုတ်ကြောင်း PDF South Monywa က ထုတ်ပြန်ထားပါတယ်။

အခုလက်ရှိမှာ မုံရွာ – မန္တလေးကားလမ်းမကြီးရဲ့မုံရွာ -ချောင်းဦး လမ်းပိုင်းအတွင်း စကစတပ်သားတွေ ခြေရှုပ်နေတယ်လို့လည်း ဖော်ပြထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *