အောက်တိုဘာ ၄၊ The Nation Voice
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို သတ်ဖြတ်သွားသူတွေဟာ PDF အမည်ခံအဖွဲ့က ဖြစ်တယ်လို့ ဒီနေ့ထုတ် စစ်ကောင်ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။ “ PDF အမည်ခံ အကြမ်းဖက်သမားများက မောင်တောခရိုင် ပညာရေးမှူးအား အကြောင်း မဲ့ သတ်ဖြတ် ” ဆိုတဲ့ ခေါင်းစည်းနဲ့ “အောက်တိုဘာလ (၂) ရက် ည (၆) နာရီတွင် ရခိုင်ပြည် မောင်တောမြို့နယ် မြို့သူကြီးရပ်ကွက် ဘူးသီးတောင် – မောင်တော ကားလမ်းဘေးရှိ မောင်တောခရိုင် ပညာရေးမှူးရုံး နှစ်ထပ် ဆောင်အောက်တွင် ဒေါ် မြင့် မြင့်စန်း (၆၀)နှစ် (ဘ) ဦးမြဘူအား အကြမ်းဖက်အမျိုးသား (၃) ဦးက အကြောင်းမဲ့ ဓါးဖြင့်ဝိုင်းဝန်းထိုးနှက် သတ်ဖြတ်ခဲ့သဖြင့် ဒေါ်မြင့်မြင့်စန်းမှာ ဓါးဒဏ်ရာများရရှိခဲ့ကာ မောင်တောမြို့နယ် ပြည်သူ့ ဆေးရုံကို ပို့ ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည် ” လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြထားပါတယ်။
ခရိုင်ပညာရေးမှူး အဆောင်မှာ တစ်ယောက်တည်းရှိနေစဉ် ဆိုင်ကယ်စီး လူငယ် (၃) ဦးက ဓါးတွေနဲ့ လာရောက် သတ်ဖြတ် သွားတာကြောင့် လည်ပင်းနဲ့ မျက်နှာမှာ ဓါးဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒေါက်တာမြင့်မြင့်စန်းဟာ ရန်ကုန်တိုင်းဒေသကြီး ကမာရွက်မြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ (၁၄) ရက်နေ့မှာ မောင်တောခရိုင် ပညာရေးမှူးအဖြစ် တာဝန်ကြတဲ့သူဖြစ်ပါတယ်။ ယခင်က ရခိုင်ပြည်နယ်မှာ PDF မရှိဘူးလို့ AA က ပြောဆိုခဲ့ဖူးပြီး နွေဦးတော်လှန်ရေးကာလတလျှောက် ရခိုင်ပြည်နယ်မှာ ဘယ်အဖွဲ့အစည်းမှမပေါ်ပေါက်ခဲ့ဘဲ လက်ရှိတိုက်ပွဲတွေပြန်မဖြစ်ခင်အထိ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

