အောက်တိုဘာ ၄၊ The Nation Voice
မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်နဲ့ ပလိပ်မြို့ကြားမှာ EPC ရုံးမန်နေဂျာနဲ့ စစ်သား (၃) ဦးပါတဲ့ကားကို ပြောက်ကျားအဖွဲ့တွေ မနေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ထိုတိုက်ခိုက်မှုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအခြေအနေအရ EPC ရုံးမန်နေဂျာ ဇွဲညီညီဝင်း (၂၇ နှစ်) နဲ့ စစ်သားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF တွေကို ဖမ်းဆီးရာမှာနာမည်ကြီးတဲ့ ပလိပ်မြို့စခန်းမှူး ဇော်ဝင်းမှာ ပွဲခြင်းပြီးသေဆုံးသွားတယ်လို့ မြစ်ငယ် MN PDF က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စွန်ရဲ လေကြောင်းရန်ကာကွယ်ရေးတပ်က ဗိုလ်မှူး ဇော်ဇော်နိုင်လည်း ဆေးရုံမှာ သေဆုံးသွားပြီး သူဟာ ပလိပ်မြို့ဝန်ထမ်းအိမ်ယာတွေ ဖယ်ခိုင်းရာမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာလို့လည်း ဆိုပါတယ်။
အောက်တိုဘာ(၃)ရက် နေ့လယ် (၂)နာရီကျော်က အဲဒီအဖွဲ့ဟာ လျှပ်စစ်မီတာခတွေ ဘဏ်သွင်းဖို့ ပလိပ်မြို့ကနေ စဉ့်ကိုင် – ကျောက်ဆည်လမ်းအတိုင်း မောင်းနှင်လာချိန် မန္တလေး လမ်းဟောင်း၊ စဉ့်ကိုင် ပေါ်တော်မူ ဘုရားအနီးမှာ MN PDF မြို့ပြပြောက်ကျားအထူးတပ်၊ Truth Keeping Foce – Amarapura နှင့် ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ် သုံးဖွဲ့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။
#ပလိပ်#စခန်းမှူး#EPC#လျှပ်စစ်မန်နေဂျာ
