အောက်တိုဘာ ၅၊ The Nation Voice
တနင်္သာရီတိုင်း၊ပုလောမြို့နယ် စက်တော်ကျေးရွာကနေ ကဒဲကျေးရွာဘက်ကို အင်အား(၄၀)ခန့်နဲ့ စစ်ကူပေးဖို့တက်လာတဲ့ စကစစစ်ကြောင်းကို အောက်တိုဘာ(၃)ရက်နေ့က PSGF အဖွဲ့နဲ့အတူ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ(၃)ရက် ညနေ(၆)နာရီကျော်လောက်က စက်တော်ကျေးရွာကနေတက်လာတဲ့ စကစစစ်ကြောင်းဟာ ကားပေါ်ကနေလမ်းဆင်းလျှောက်လာစဉ်မှာ မဟာမိတ်အဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစဘက်ကကား(၁)စီး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး မဟာမိတ်အဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ Palaw (K-PDF)က တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။ တိုက်ခိုက်မှုဖြစ်စဉ်အပြီးမှာ စကစဘက်က(၉)ဦးအထိသေဆုံးခဲ့ပြီး (၁၀)ဦးခန့်ဒဏ်ရာရရှိကြောင်း သတင်းရရှိတယ်လို့ Palaw (K-PDF)က ထုတ်ပြန်ထားပါတယ်။

