ထားဝယ်-မြတ်ရှင်မော်ကားလမ်းမကြီးကိုညဘက်အသုံးမပြုကြဖို့ ထားဝယ် (ပကဖ)ထုတ်ပြန်

အောက်တိုဘာ ၅၊ The Nation Voice

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင် ထားဝယ်-မြတ်ရှင်မော်ကားလမ်းမကြီးကို ဒီကနေ့အောက်တိုဘာ(၅)ရက်ကစပြီး ည(၈)နာရီကနေ မနက်(၃)နာရီအချိန်အထိ ရက်အကန့်အသတ်မရှိ အသုံးမပြုကြဖို့ ထားဝယ်(ပကဖ)က သတင်းထုတ်ပြန်လိုက်ပါတယ်။

ထားဝယ်-မြတ်ရှင်မော်ကားလမ်းမကြီးပေါ် နေ့ခင်းဘက်သွားလာနေကြသူတွေအနေနဲ့လည်း ကားမှန်ချမောင်းပေးတာ၊ ရှိန်လျော့မောင်းတာ ၊တင်ဆောင်လာတဲ့ ပစ္စည်းတွေကိုအဝေးကမြင်နိုင်အောင် စီမံပေးတာတွေလုပ်ဆောင်ပေးကြဖို့ ထားဝယ်(ပကဖ)ကမေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီထောက်တိုင်ယာဉ်တွေနဲ့ ကပ်မလိုက်ကြဖို့ကိုလည်း ထပ်ပြီးအသိပေးထားပါတယ်။

အခုလို အသိပေးထုတ်ပြန်ချက်ကို ခရီးသွားမိဘပြည်သူတွေအနေနဲ့ လိုက်နာမယ်လို့ယုံကြည်ပြီး ၊ လိုက်နာခြင်းမရှိဘဲ တစ်စုံတစ်ရာဖြစ်လာရင် ပျက်ကွက်သူရဲ့တာဝန်သာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *