ပုသိမ်မြို့နယ်အတွင်း CCTV တပ်ထားတဲ့နေအိမ်တွေကို လမ်းမပေါ်ကိုအဓိကမထားဘဲ ခြံဝန်းအတွင်းသာအသုံးပြုကြဖို့ ပုသိမ်(ပကဖ)တိုက်တွန်း

အောက်တိုဘာ ၅၊ The Nation Voice

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်အတွင်းက CCTV တပ်ဆင်ထားတဲ့နေအိမ်တွေအနေနဲ့ CCTV တွေကို လမ်းမပေါ်အဓိကထားအသုံးမပြုဘဲ မိမိတို့ခြံဝန်းအတွင်းမှာသာ အသုံးပြုကြဖို့ ပုသိမ်(ပကဖ)က တိုက်တွန်းလိုက်ပါတယ်။

ပုသိမ်မြို့နယ်အတွင်းမှာ စကစကထုတ်ပြန်ထားတဲ့ ပုဒ်မ(၁၄၄)အတိုင်း သတ်မှတ်ထားတဲ့အချိန် ည(၁၂)နာရီကနေ မနက်(၄)နာရီအထိသာ ဖွင့်ပေးကြဖို့ကိုလည်း အထူးမေတ္တာရပ်ခံလိုက်ပါတယ်။

” မိမိနေ အိမ်လုံခြုံရေးအတွက် တပ်ဆင်ထားသည်ကိုတော့ နားလည် သဘော ပေါက်ပါသည်။မိမိနေအိမ် ဧရိယာထက် ကျော်လွန် တပ်ဆင်ထားခြင်းများကို တွေ့ ရှိရပါသည် ၊ ပြောက်ကျားများအတွက် မြို့တွင်း CCTV များသည် စကစ ၏ ရုပ်မှတ်တမ်း သတင်းပေး ဒေါက်တိုင်သဖွယ် ဖြစ်နေပါသည်”လို့ ပုသိမ်(ပကဖ)က ထုတ်ပြန်ထားပါတယ်။

ပုသိမ်မြို့နယ်အတွင်းမှာ မြို့တွင်းမစ်ရှင်တစ်ခုဆောင်ရွက်ရမယ်ဆိုရင် နေအိမ်တွေရဲ့ CCTV (၂၀%)နဲ့ ဌာနဆိုင်ရာ CCTV တွေရဲ့(၄၀%)ကိုကျော်ဖြတ်ရတာဖြစ်တာကြောင့်နေအိမ်တွေအနေနဲ့ CCTV တွေကို လမ်းမပေါ် အဓိကမထားဘဲ ခြံဝန်းအတွင်းမှာသာအသုံးပြုကြဖို့ အခုလို့ အသိပေးထုတ်ပြန်တာလို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *