အောက်တိုဘာ ၅၊ The Nation Voice
စစ်ကိုင်းတိုင်း၊မုံရွာ မင်းဒေါင့်ဆိပ်ကမ်းကနေဆန်တက်လာတဲ့ (၁၃)စီးပါစကစရေယာဉ်စုကို မနေ့ကတော်လှန်ရေးအဖွဲ့တွေနဲ့အတူကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Nightking PDF က ဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။ မနေ့က နေ့လည်(၁)နာရီလောက်မှာ မင်းဒေါင့်ဆိပ်ကမ်းကနေဆန်တက်လာတဲ့ ဖလက်ခွန်ရေယာဉ်၊အမြန်မော်တော်ယာဉ်စစ်သင်္ဘော ရေယာဉ်အုပ်စုကို တော်လှန်ရေးအဖွဲ့တွေက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန်(၂)နာရီအထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးအဖွဲ့တွေဘက်က အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စကစဘက်ကအထိအခိုက်အကျအဆုံး အသေးစိတ်ကိုတော့ မသိရသေဘူးလို့ Monywa Nightking PDF ကထုတ်ပြန်ထားပါတယ်။ အခုလက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း (Chindwin Attack Force)တပ်ရင်း – ၂၊တပ်ရင်း – ၃၊တပ်ရင်း – ၄တို့ရဲ့ တပ်ရင်း၊တပ်ခွဲ၊တပ်ဖွဲ့တွေဟာ စကစကိုထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အရေးပေါ်လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့လည်း Monywa Nightking PDF က အသိပေးထားပါသေးတယ်။
