အောက်တိုဘာ ၅၊ The Nation Voice
ရခိုင်နဲ့ ပလဝက်၀ ဒေသတွေမှာ စစ်ဘေးရှောင် ပြည်သူ (၈)သောင်းကျော်ရှိလာကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်၊ပလက်၀နဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ ပေါက်တော၊ အမ်း၊ မင်းပြား၊ စစ်တွေ၊ မြေပုံ၊ ပုဏ္ဍားကျွန်း စတဲ့ မြို့နယ်တွေက အိမ်ထောင်စု (၂)သောင်းကျော်က ပြည်သူ (၈)သောင်းကျော် စစ်ရှောင်နေရတာ ဖြစ်ပြီး အဲဒီအထဲမှာ မွေးကင်းစ ကလေးငယ် (၂)ထောင်ကျော် ပါဝင်တယ်လို့ AAက အသိပေးထားပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ရှောင်တွေကို ကူညီ ကယ်ဆယ်မှု မပြုတဲ့အပြင် ဒေသတွင်း စားနပ်ရိက္ခာ အကူအညီနဲ့လမ်းပန်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းတာတွေရှိနေတယ်လို့ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲတွေကလည်း နေ့တိုင်းဖြစ်နေတယ် အိမ်ပြန်လည်းခိုင်းသေးတယ်ဆိုတော့ဒါက တော်တော့ကို မစာနာရာရောက်တာပေါ့။ အဲဒီထက်ဆိုးတာက NGO ၊ INGO အဖွဲ့တွေ မကူညီရဘူးဆိုတဲ့ ကန့်သတ်ချက်တွေ နောက်ပြီး ဆေးဝါးနဲ့ ရိက္ခာတွေ ဖြတ်တောက်ထားတဲ့ ကိစ္စတွေက အတော့ကို ဆိုးတာပေါ့” လို့ ရခိုင်ဒေသခံက ပြောပါတယ်။
AA နဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လက စပြီး တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့လို့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပလက်၀၊ မြောက်ဦး စတဲ့ဒေသတွေမှာ စစ်ရှောင်ဦးရေ ထပ်တိုးလာခဲ့ပါတယ်။


