လှတောကျေးရွာကို အကြမ်းဖက်ခဲ့တဲ့ စကစစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်

အောက်တိုဘာ ၅၊ The Nation Voice

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊စိုင်နိုင်ကွေ့အနီးမှာ လှတောကျေးရွာကို အကြမ်းဖက်ခဲ့တဲ့ စကစစစ်ကြောင်းကို အောက်တိုဘာလ(၃)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေနဲ့အတူကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၃)ရက် ညနေ(၃)နာရီကျော်လောက်မှာ အင်အား(၈၀)ကျော်ပါတဲ့ စကစစစ်ကြောင်းကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ရွာသာကြီးရွာက စကစ တပ်တွေ တပ်ကူလာတာကြောင့် တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီး စကစဘက်က(၆)ဦးအထိ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ Chindwin Attack Force အဖွဲ့နဲ့အတူ တခြားမဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေက အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *