မြင်းမူ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ စကစတပ်သားတွေတင်ဆောင်လာတဲ့ ကားတစ်စီးကို တော်လှန်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်

အောက်တိုဘာ ၆၊ The Nation Voice

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ စကစတပ်သားတွေတင်ဆောင်လာတဲ့ (၂၂)ဘီးပါ ကွန်တိန်နာကားတစ်စီးကို ဒီကနေ့မြင်းမူ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ The Pentagram-ငါးထောင့်ကြယ်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မုံရွာ-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ (၂၂)ဘီးပါ ကွန်တိန်နာကားတစ်စီးပေါ် စကစတပ်သားတွေလိုက်ပါလာတာကို ကြိုတင်သတင်းရရှိတဲ့အတွက် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ စကစအဖွဲ့ဝင်(၅)ဦးအထိသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရကာ တော်လှန်ရေးအဖွဲ့တွေဘက်ကဘေးကင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုတော့ The Pentagram-ငါးထောင့်ကြယ်အဖွဲ့နဲ့အတူ One(LPDF)၊ TGYR အထူးပြောက်ကျားတပ်၊ Spring Soldier(နွေဦးရဲဘော်)၊ဒီမိုပြောက်ကျားတပ်တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ပြီး နယ်မြေအနေအထားအရ မှတ်တမ်းတင်နိုင်ခဲ့ခြင်းမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *