96soldiers-PDF ဖွဲ့စည်းခဲ့တာ (၁)နှစ်ပြည့်ခဲ့ပြီး EROsအဖွဲ့တွေနဲ့လက်တွဲကာ တော်လှန်ရေးကိုအဆုံးထိတိုက်ပွဲသွားမယ်လို့ဆို

အောက်တိုဘာ ၇၊ The Nation Voice

တောင်ပိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ 96soldiers-PDF အဖွဲ့ဟာ ဒီကနေ့အောက်တိုဘာ(၇)ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့တာ (၁)နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ သင်တန်းကာလကို တော်လှန်ရေးရဲဘော်တွေအနေနဲ့ (၄၅)ရက်လောက်ဖြတ်ကျော်ပြီး တောင်ပိုင်းတိုင်း တပ်မဟာ (၆)အတွင်းက စစ်ကြောင်းတစ်ခုအနေနဲ့ စတင်ရပ်တည်ခဲ့ကာ တာဝန်ကျရာ နေရပ်ကိုသွားပြီး တာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

“လေးကေ့ကော်ကနေအစပြုတဲ့ ဒီဇင်ဘာ(၁၅)တိုက်ပွဲကနေ စတင်တိုက်ပွဲဝင်ခဲ့ကြရာမှာ ဒီကနေ့အထိပါပဲ။ (၁)နှစ်တာကာလအတွင်းမှာ 96 Soldiers-PDF အနေနဲ့ အညာဒေသအတွင်းမှာအခြေပြုတဲ့ တပ်ခွဲကို အခြေပြု ဖွဲ့စည်းနိုင်ခဲ့ပါတယ်”လို့ 96 Soldiers-PDF က ပြောဆိုထားပါတယ်။ အခုလက်ရှိမှာ တောင်ပိုင်းတိုင်းအတွင်းတပ်ခွဲအနေနဲ့ တပ်တည်ရှိရာဒေသက EROs တွေနဲ့လက်တွဲပြီး တောင်ပိုင်း+ KNU အတွဲအောက်က ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကာ အညာဒေသတပ်ခွဲအနေနဲ့လည်းဒေသတွင်းမှာရှိတဲ့ တပ်ရင်းတွေ၊ LPDF(Local)တွေနဲ့ အတူတကွလက်တွဲပြီး တော်လှန်ရေးအောင်နိုင်ဖို့အတွက်ရှေ့ဆက်သွားမှာ ဖြစ်တယ်လို့ 96 Soldiers-PDF က ‌ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *