အောက်တိုဘာ ၈၊ The Nation Voice
စစ်ကိုင်းတိုင်း၊ကန့်ဘလူနယ်အတွင်းမှာ စကစတပ်တွေဟာ သူတို့ရဲ့စစ်အုပ်စုတွေကို တစ်နေရာကနေတစ်နေရာပြောင်းရွှေ့ရာမှာ နည်းလမ်းမျိုးစုံအသုံးပြုနေပြီး မိုးကာတွေအုပ်ကာ ကုန်ကားတွေနဲ့ ပြောင်းရွှေ့သွားလာနေကြောင်း လင်းယုန်နီကန့်ဘလူက သတင်းထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် ကန့်ဘလူနယ်အတွင်းမှာ အမှန်တကယ် ကုန်တင်သွားလာနေတဲ့ ပြည်သူတွေရဲ့ ကုန်တင်ကားတွေအနေနဲ့ ဖြတ်သန်းသွားလာမယ်ဆိုရင် အမိုး၊အကာ၊အဖုံးတွေကို ဖွင့်လှစ်ပြီးသွားလာကြဖို့ လင်းယုန်နီကန့်ဘလူက သတိပေးထားပါတယ်။
ကန့်ဘလူနယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ ပြည်သူ့ယာဉ်တွေအနေနဲ့ တစ်စုံတစ်ရာထိခိုက်မှုမဖြစ်မှု မဖြစ်ပေါ်စေဖို့ အခုလိုသတိပေးထုတ်ပြန်ရတာဖြစ်ပြီး မလိုက်နာရငါ မိမိတာဝန်သာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ လင်းယုန်နီ ကန့်ဘလူအဖွဲ့ဟာ စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး စကစကို အထိနာအောင် မဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ခိုက်နေတဲ့ အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။
