မူးတိန်ကျေးရွာမှာ ကင်းစောင့်နေတဲ့ပျူစောထီးတွေကို ‌ဒေသခံ(ပကဖ)တွေက ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်

အောက်တိုဘာ ၈၊ The Nation Voice

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ် မူးတိန်ကျေးရွာ(ပျူစောထီးရွာ)မှာ ကင်းစောင့်နေတဲ့ စကစလက်ပါးစေပျူစောထီးအဖွဲ့ဝင်တွေကို ဒီကနေ့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Taze Revolution Force (TRF)က သတင်းထုတ်ပြန်ပါတယ်။ ဒီကနေ့မနက်(၃)နာရီကျော်လောက်က မူးတိန်ကျေးရွာမှာ ကင်းစောင့်နေတဲ့ပျူတွေကို TRF အဖွဲ့က ဒရုန်းနဲ့ (၄၀)မမ ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “ကင်းစောင့်နေတဲ့နေရာကို မြေပုံကနေကြည့်ပြီးချတာ တည့်ကျ‌တယ် ကွဲသံကတော့တော်တော်ပြင်းပြင်းကြားရတယ် ထိခိုက်မှုတော့ မသိရသေးဘူး”လို့ Drone ‌မောင်းဆရာက ပြောကြောင်း TRF က ဖော်ပြထားပါတယ်။

ထိခိုက်မှုအသေးစိတ်အခြေအနေကိုသိရင် သတင်းပြန်လည်ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး စကစလက်ပါးစေတွေကို နေ့စိတ်မချမ်းသာ ညစိတ်ဆင်းရဲဖြစ်အောင် နေ့ရောညပါ ကြုံသလိုတိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Taze Revolution Force (TRF)အဖွဲ့ဟာ အောက်တိုဘာ(၇)ရက်နေ့တုန်းကလည်း ကန့်ဘလူမြို့နယ်၊မြေတူးကျေးရွာ အနောက်ဖက် ညောင်ပင်လမ်းအနီး ကမ်းဘေးမှာ လမ်းသွားလမ်းလာတွေကို ဂိတ်ဖွင့်စစ်ဆေးနေတဲ့ စကစအဖွဲ့ဝင်(၂၀)ခန့်ကို ဒရုန်းနဲ့ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *