သရက်ကန်ရွာ ပျူစခန်းအား သွားရောက်တိုက်ခိုက်စဥ် လက်နက်ကြီးမတော်တဆဖြစ်ပြီး မြိုင်(ပကဖ)တပ်ရင်း (၁)မှ ရဲဘော်မိုက်တီး ကျဆုံး

အောက်တိုဘာ ၉၊ The Nation Voice

မကွေးတိုင်း၊ မြိုင်နယ် သရက်ကန်ရွာမှ ပျူစောထီးစခန်းအား သွားရောက်တိုက်ခိုက်စဥ် မြိုင်(ပကဖ)တပ်ရင်း (၁) အလင်း တန်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်မိုက်တီး လက်နက်ကြီးမတော်တဆဖြစ်ကာ ကျဆုံးခဲ့ရတယ်လို့ ဒီကနေ့ အောက်တိုဘာ (၉) ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၇) ရက်၊ ည (၁၁) နာရီခွဲလောက်က သရက်ကန်ရွာပျူစောထီးစခန်းကို မြိုင်(ပကဖ)တပ်ရင်း (၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” လက်လုပ်လက်နက်ကြီး မတော်တဆဖြစ်၍ ၈.၁၀.၂၀၂၂ ခုနှစ် မနက်ထ ၁ နာရီ ခန့်တွင် မြင့်မြတ်စွာကျဆုံးခဲ့သည် ” လို့ မြိုင်(ပကဖ)က ထုတ်ပြန်ပါတယ်။ ဒါကြောင့် မြိုင်(ပကဖ)အနေနဲ့ မြင့်မြတ်စွာကျဆုံးသော ရဲဘော်မိုက်တီးအား အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးနီပြုလိုက်ပါကြောင်း ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သရက်ကန်ရွာပျူစောထီးစခန်းမှာရှိနေတဲ့ ပျူတွေရဲ့ ထိခိုက်သေဆုံးတဲ့အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *