ချမ်းမြသာစည် မြို့နယ်က စကစထောက်တိုင်ဒလန်အကြီးစား အောင်ဆန်းဆိုသူကို ပျောက်ကြားအဖွဲ့တွေက ပစ်ခတ်ရှင်းလင်း

အောက်တိုဘာ ၁၀၊ The Nation Voice

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ် လမ်း ၈ဝ၊၄၂ လမ်းနဲ့ ၄၃လမ်းကြား တိုးရွှေမေတ္တာနိဗ္ဗာန်ကုန်ဆိုင်က စကစထောက်တိုင်ဒလန်အကြီးစား အောင်ဆန်းဆိုသူကို ဒီကနေ့မှာ ပစ်ခတ်ရှင်းလင်းလိုက်ပြီလို့ Generation Z Power – GZP ( Mandalay )က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက်(၉)နာရီလောက်မှာ ဒလန်အောင်ဆန်းဆိုသူကို ပြောက်ကျားအဖွဲ့တွေက နှုတ်ခမ်းနီ (၄)တောင့်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒလန်အောင်ဆန်းဟာလွန်ခဲ့တဲ့ (၁)နှစ်ကျော်လောက်က ဘုရားကြီးအရှေ့မုဒ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ မြတောင်သပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းစဉ် ကျဆုံးသွားတဲ့ရဲဘော်သူသူဇင်ကို ပစ်ခတ်ခဲ့သူဖြစ်ပြီး သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ခဲ့တာလို့ GZP ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီပစ်ခတ်မှုကိုတော့ Generation Z Power – GZP ( Mandalay ) ပြည်သူ့ ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့ ဖြစ်တဲ့ Mandalay UG Wolf Army တပ်ဖွဲ့တို့က အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *